နမ့်စန်မြို့နယ်၊ နမ့်စန်ကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာရှိ နောင်ခမ်းဘုန်းတော်ကြီး ကျောင်း ဝန်း၌ သစ်တောသစ်ပင်ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေး ဟောပြောပွဲကျင်းပ
(၂၅-၂-၂၀၂၆) နမ့်စန်မြို့နယ်၊ နမ့်စန်ကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာရှိ နောင်ခမ်း ဘုန်းတော်ကြီးကျောင်းဝန်း၊ ခန့်မှန်းမြေပုံညွှန်း (20°55'57.25"N 97°41'35.33"E)နေရာတွင် ကျင်းပခဲ့ရာ ဦးစီးအရာရှိ ဦးမောင်မျိုးမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး တက်ရောက် လာသူ ဒေသခံတိုင်းရင်းသားများအား မမြင်နိုင်သော လူသတ်သမားပညာပေး video click ၊ မြန်မာနိုင်ငံ ရာသီဉတုပြောင်းလဲခြင်းဆိုင်ရာ video click ၊ တောင်ကိုရီးယားနိုင်ငံ သစ်တော စိုက်ခင်းများ တည်ထောင်ခြင်းဆိုင်ရာ video click ၊ သိပ္ပံနည်းကျသစ်ပင်စိုက်ပျိုးခြင်း viedo click များကိုပြသ၍ ဟောပြောခဲ့ပါသည်။
ဟောပြောပွဲသို့ ဒေသခံတိုင်ရင်းသား အမျိုးသား (၃၁)ဦး၊ အမျိုးသမီး(၃၀)ဦးနှင့် ကျောင်း သားကျောင်းသူ(၅၀)ဦး၊ စုစုပေါင်း(၁၁၁)ဦး တက်ရောက်ခဲ့ပြီး ဟောပြောပွဲးအား နံနက် (၁၀:၃၀) နာရီတွင် စတင်ခဲ့ပြီး (၁၁:၅၀)နာရီတွင် အောင်မြင်စွာဆွေးနွေးဟောပြောခဲ့ပါကြောင်း သိရှိရ သည်။


