ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ တိလုံကျေးရွာ အုပ်စု၊ ဆိုက်ခေါင်ကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်း၌ "သစ်တောထိန်းသိမ်းရေး၊ ရေသယံ ဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ "

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ သစ်တော ဦးစီးဌာနကကြီးမှူး၍ (၂၅-၂-၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်၊ ဟိုပုံးမြို့နယ်၊ တိလုံ ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်း၌ "သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ " ကျင်းပပြုလုပ်ခဲ့ရာ ဟိုပုံးမြို့နယ်၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ-ဦးဇော်လှိုင်ဆွေက "သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး" သိကောင်းစရာများကို ဆွေးနွေးဟော ပြောသည်။
ဟိုပုံးမြို့နယ်‌၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ- ဦးကျော်မင်းဦး က "မီးခိုးမြူ‌ငွေ့လျော့ချရေး"တွင် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါကြောင်းနှင့် ဒေသခံများမှ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ဆွေးနွေးဟောပြောသူများမှ ပြန်လည်ဖြေကြားခဲ့ပြီး အသိ ပညာပေး လက်ကမ်းစာစောင်များအား ဒေသခံပြည်သူများသို့ ဖြန့်ဝေပေးအပ်ခဲ့ပါသည်။ ဟောပြောပွဲသို့ ကျား - (၅၂)ဦး၊ { ဒေသခံ ( ၄၇)ဦး၊ ဌာနဆိုင်ရာ ဝန်ထမ်း(၅)ဦး} နှင့် မ- (၁၆)ဦး {ဒေသခံ(၁၄)ဦး၊ ဌာနဆိုင်ရာဝန်ထမ်း(၂)ဦး} ၊ စုစုပေါင်း(၆၈)ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိရ သည်။

date: 
Friday, February 27, 2026 - 15:15