မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် မီးခိုးမြူငွေ့ လျော့ချရေးအသိပညာပေးဟောပြောပွဲ ကျင်းပ
(၂၅-၂-၂၀၂၆)ရက်နေ့၊ (၉:၃၀)နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ကျေးလက်ဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနတို့ပါဝင်သော မြို့နယ်ဌာနဆိုင်ရာများအဖွဲ့သည် မိုးကောင်းကျေးရွာအုပ်စု၊ မိုးကောင်း ကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံအတွင်း မီးခိုးမြူငွေ့လျော့ချရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ရာ ကျား(၆၈)ဦး၊ မ(၁၃၂)ဦး၊ ပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် သစ်တော ဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ခင်ဦးက စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများ၊ ရွေ့ပြောင်း တောင်ယာများ၊ သစ်ရွက်ခြောက်များနှင့် စွန့်ပစ်အမှိုက်များ၊ မီးရှို့မှုမပြုလုပ်ရေးနှင့် သောက်သုံး ရေးဖုံလုံစွာရရှိစေရန်အတွက် သစ်ပင်များရှင်သန်အောင်စိုက်ပျိုးကြရန် ဟောပြောပြီး သက်ဆိုင် ရာဌာနများမှလည်း မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာများဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲကို (၁၁:၃၀)နာရီတွင် ပြီးဆုံးခဲ့ပါသည်။
ယင်းမြို့နယ်ဌာနဆိုင်များအဖွဲ့သည် ဆက်လက်၍ (၁၃:၃၀)နာရီအချိန်တွင် တွင်းရွာ အုပ်စုတွင်းရွာကျေးရွာတွင် ဟောပြောပွဲဆောင်ရွက်ခဲ့ရာ ကျား (၆၁)ဦး၊ မ (၁၁၉) ဦး စုစုပေါင်း (၁၈၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးမှုး ဦးအောင်ခင်ဦးမှ မီးခိုးမြူငွေ့များလျော့ချရေးအတွက် စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများ မီးမရှို့ရေး၊ တောင်ယာများ မီးရှို့မှုမပြုလုပ်ရေး၊ သစ်ရွက်ခြောက်နှင့်စွန့်ပစ်အမှိုက်များမီးရှို့မှုမပြုလုပ်ရေး၊ မြက်နုရရှိစေရန် မီးရှို့မှုမပြုလုပ်ရေး၊ ပေါ့ဆမီးလောင်ကျွမ်းမှုမရှိစေရေး ဂရုစိုက်ဆောင်ရွက်ကြရန်၊ မီးရှို့ရာမှထွက် လာသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များအား သစ်ပင်များမှစုတ်ယူချေဖျက်ပြီး သန့်ရှင်း လတ်ဆတ်သောအောက်စီဂျင်ဓာတ်ငွေ့ကို ထုတ်ပေးခြင်းကြောင့် သစ်ပင်များအား ရှင်သန် အောင် စိုက်ပျိုးကြရန်၊ သစ်တောသစ်ပင်များရှင်သန်ပါမှ ရေကောင်းရေသန့်များလုံလောက်စွာ ရရှိနိုင်ပြီး သောက်သုံးရေရှားပါးမှုများ ကင်းဝေးနိုင်မည်ဖြစ်ကြောင်း ဟောပြောခဲ့ကြောင်း၊ သက်ဆိုင်ရာဌာနအသီးသီးမှလည်း မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာများဟောပြောခဲ့ကြောင်းနှင့် ကျဟောပြောပွဲကို (၁၅:၃၀)နာရီတွင် ပြီးဆုံးပါကြောင်း သိရှိရသည်။





