ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းကျေးရွာ၊ လူငယ်အတက် သင်ကျောင်း၌သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းကျေးရွာ၊ လူငယ် အတက်သင်ကျောင်း၌ (၂၆-၂-၂၀၂၆) ရက်နေ့၊ (၀၈၀၀) အချိန်တွင် “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ” ကျင်းပခဲ့ ရာ၊ ကျောင်းသား စုစုပေါင်း(၆၈)ဦး၊ ကော့မှူးမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ဦးဇော်မင်းထွဋ် ပါသစ်တောဝန်ထမ်း(၃)ဦး၊စုစုပေါင်း (၇၁) ဦးတက်ရောက်ခဲ့ပါသည်။
ဆွေးနွေးဟောပြောပွဲတွင် ကော့မှူးမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ဦးဇော်မင်းထွဋ်မှ သစ်တောများကပေးစွမ်းနိုင် သောအကျိုးကျေးဇူးများ၊ မြန်မာနိုင်ငံသစ်တော ဖုံးလွှမ်းမှုပြောင်းလဲလာခြင်းနှင့် ပြောင်းလဲမှုအကြောင်းရင်းများ၊ သစ်တောများပြန်လည်တည် ထောင်ရေးစီမံကိန်းလုပ်ငန်းများအကြောင်း၊ မီးခိုးမြူငွေ့များဖြစ်ပေါ်စေသည့် တောမီးလောင် ကျွမ်းမှုဆိုင်ရာအကြောင်းများ၊ အမှိုက်များမီးရှို့၍ ဖြစ်ပေါ်လာရသည့် Fire Hotspots အကြောင်းများ၊အမှိုက်များအား မီးမရှိုဘဲ သဘာဝမြေဩဇာပြုလုပ်ခြင်းများ၊ လေထုညစ်ညမ်းမှု ၏ ဆိုးကျိုးများယခုလေထုညစ်ညမ်းမှုများကြောင့် အပြင်ထွက်လျှင် Mask များတပ်စင်၍ သွား လာနေထိုင်ခြင်းများ၊ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်တောထိန်းသိမ်းရေး၊ သီးနှံသစ်တော ရောနှောစိုက်ပျိုးရေး မီးဘေးလုံခြုံရေးဆိုင်ရာအကြောင်းများ ဆွေးနွေးဟောပြောခဲ့ပါကြောင်း တင်ပြအပ်ပါသည်။

date: 
Friday, February 27, 2026 - 15:45