ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာအုပ်စု၊ တောင်မရိုးပင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ တောမီးလောင်မှု ပပျောက်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာ ပေးဟောပြောပွဲ ကျင်းပခြင်း
(၂၆-၂-၂၀၂၆)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်း မြို့နယ်၊ ဇီးဖြူကွင်းကျေးရွာအုပ်စု၊ တောင်မရိုးပင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ “တောမီး လောင်မှုပပျောက်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောပွဲ" ကျင်းပခဲ့ရာ ဇီးဖြူကွင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာရာအိမ်မှူးများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံ ပြည်သူ (၉၆)ဦး၊ သာပေါင်းမြို့နယ် သစ်တောဝန်ထမ်း(၅)ဦး၊ စုစုပေါင်းကျား(၃၂)ဦး၊ မ (၆၄) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဦးစီးအရာရှိ ဦးသိန်းဝင်းဇော်က *မီးခိုးမြူငွေ့ ဖြစ်ပေါ်ရမှု အခြေအနေများ၊ နယ်မြေဖြတ်ကျော် မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ တောမီးလောင်ကျွမ်းမှု အခြေခံအကြောင်းအရင်းများ၊ သစ်တောသစ်ပင်နှင့် ပတ် ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောသစ်ပင်များ၏ အရေးပါမှုအကြောင်းအရင်းများနှင့် ပျက်စီး ပြုန်းတီးရခြင်းအကြောင်းအရင်းများ၊ သစ်တောဦးစီးဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများ* အား ဟောပြောတင်ပြဆွေးနွေးခဲ့ပါကြောင်း သိရှိရသည်။


