ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ဘန့်ဘွေးကုန်းပျိုးဥယျာဉ်၌ သစ်တောထိန်းသိမ်း ရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
(၂၆-၂-၂၀၂၆) ရက်နေ့၊ (၀၉:၃၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ဘန့်ဘွေးကုန်းပျိုးဥယျာဉ်၌ “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကို ကျင်းပခဲ့ရာ ညောင်ဝိုင်းကျေးရွာအုပ်စုမှ ကျား(၂၅)ဦး၊ မ(၃၁)ဦး၊ သန်လျင်မြို့နယ်၊ မြို့နယ်ဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီး၊ ဦးစိုးမြင့်ပါ သစ်တောဝန်ထမ်း(၂)ဦး၊ ကျား(၂၇) ဦး၊ မ(၃၁)ဦး၊ စုစုပေါင်း (၅၈) ဦး တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးဟောပြောပွဲတွင် တောအုပ်ကြီး ဦးစိုးမြင့်က မြန်မာနိုင်ငံရှိ တောအမျိုးအစား များ၊ ဂေဟစနစ်များနှင့် ဇီဝမျိုးစုံ/မျိုးကွဲများ၏ အခြေအနေများ၊ သစ်တောနှင့် ဂေဟစနစ်များ ပျက်စီးရခြင်း အကြောင်းအရင်းများ၊ တောမီးလောင်ကျွမ်းမှု အခြေခံအကြောင်းအရင်းများ၊ Fire Hotspot ဖြစ်ထွန်းမှု အခြေအနေများ၊ နယ်မြေဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို အသိပညာပေး ဆွေးနွေးဟောပြောပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သိရှိရသည်။



