ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ကျရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
(၂၇-၂-၂၀၂၆)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ပြည်ခရိုင်၊ ပြည် မြို့နယ်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ကျရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား မြောက်နဝင်းကျေးရွာအုပ်စု၊ အေးမြသာယာကျေးရွာ၊ ကျေးရွာ သူရွာသားများအား တီတွဒ်ပျိုးဥယျာဉ် ရှင်းလင်းဆောင်တွင် ကျင်းပပြုလုပ်ရာ ဒေသခံပြည်သူ (၅၀)ဦး တက်ရောက်ခဲ့သည်။
မြို့နယ်သစ်တောဦးစီးဌာနမှူး ဥယျာဉ်ဝင်းမှ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ ကျရေးလုပ်ငန်းများ၊ တောအုပ်ကြီး ဦးဝင်းနိုင်ဦးမှ သစ်တောပြုစုထိန်းသိန်းရေးလုပ်ငန်းများ အား အသိပညာပေးဟောပြောခဲ့ပြီး ဒေသခံများသိရှိလိုသည်များအား ဆွေးနွေးဖြေကြားခြင်း၊ တက်ရောက်လာသူများအား စွမ်းအားမြှင့်မီးဖို(၅၀)လုံး ဖြန့်ဝေပေးခြင်းနှင့် ပျိုးဥယျာဉ်တွင် ပျိုးထောင်ခြင်းလုပ်ငန်းအဆင့်ဆင့်အား ရှင်းလင်းပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။




