ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ တောင်ပိုင်းရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ မီးခိုးမြူငွေ့လျှော့ချရေးနှင့် တောင်ယာမီးမရှို့ရေး၊ ရိုးပြတ်များမီးမရှို့ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

(၂၈-၂-၂၀၂၆) ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတော မြို့နယ်၊ တောင်ပိုင်းရပ်ကွက်၊ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ “မီးခိုးမြူငွေ့လျှော့ချရေးနှင့် တောင် ယာမီးမရှို့ရေး၊ရိုးပြတ်များ မီးမရှို့ရေးအသိပညာပေးဟောပြောပွဲ" ကျင်းပခဲ့ရာ တောင်ပိုင်းရပ် ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ(၃၀)ဦး၊ ငပုတောမြို့နယ် သစ်တော ဝန်ထမ်း(၆)ဦး၊ (ကျား(၂၄)ဦး၊ မ (၆) ဦး၊ ပေါင်း(၃၀)ဦး)တက်ရောက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဦးစီးအရာရှိ ဦးဇော်မင်းနိုင်က *မီးခိုးမြူငွေ့ အဓိပ္ပာယ်၊ မီးခိုးမြူအမျိုးအစားများ၊ မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်းမှုနှင့် အကျိုး သက်ရောက်မှုများ၊ တောင်ယာများ၊ ရိုးပြတ်များမီးရှို့မှုကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများ၊ မီးခိုးမြူလျှော့ချ ရေးနည်းလမ်းများ၊ သစ်တောဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများ အား ဟောပြောဆွေးနွေးခဲ့ပါကြောင်း သိရှိရသည်။

date: 
Sunday, March 1, 2026 - 18:45