ရှမ်းပြည်နယ်၊ ကလောမြို့၊ အမှတ်(၇)ရပ်ကွက်၊ ဗောဓိကုန်းပရိယတ္တိ စာသင်တိုက်တွင် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
(၁-၃-၂၀၂၆) ရက်နေ့၊ (၁၃:၀၀)နာရီအချိန်၊ ကလောမြို့၊ အမှတ်(၇)ရပ်ကွက် ဗောဓိကုန်း ပရိယတ္တိစာသင်တိုက်တွင် ရှမ်းပြည်နယ်၊ သစ်တောဦးစီးဌာန၊ ပြည်နယ်သစ်တောဦးစီးဌာနမှူး ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး- ဦးအောင်ကိုကိုနှင့် တောင်ကြီးခရိုင်၊ သစ်တောဦးစီးဌာန၊ ခရိုင် သစ်တောဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး- ဦးဇော်ဇော်မင်းတို့မှ ကလော မြို့နယ်အတွင်းရှိတည်ထောင်ပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောအဖွဲ့ဝင်များအား တွေ့ဆုံ ၍ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများ၊ တားမြစ်ချက်များအား ရှင်းလင်းဟောပြောပွဲကျင်းပဆောင်ရွက်ခဲ့ပါသည်။
ဦးစွာ ရှမ်းပြည်နယ်၊ သစ်တောဦးစီးဌာန၊ ပြည်နယ်သစ်တောဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး-ဦးအောင်ကိုကိုမှ မြန်မာ့သစ်တောမူဝါဒ၏ ပဓာနကျသော အချက်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ CF လုပ်ငန်းများ အပေါ်မိန့်မှတ်ချက်များကို ရှင်းလင်းဟောပြောခဲ့ပါသည်။ ထို့နောက် တောင်ကြီးခရိုင်၊ သစ်တော ဦးစီးဌာန၊ ခရိုင်သစ်တောဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး- ဦးဇော်ဇော်မင်းမှ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းဆိုင်ရာ ညွှန်ကြားချက်များ၊ လုပ်ထုံး လုပ်နည်းများ၊ တားမြစ်ချက်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး လက်ရှိကလောမြို့ နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများကို ညွှန်ကြား ချက်နှင့်အညီ CFI (၂၀၁၉)ပါ တားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန်မှုရှိ/မရှိ CF ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက် မှုရှိ/မရှိ စိစစ်ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းဆောင်မည့် အစီအစဉ်များကို ချပြရှင်းလင်းခဲ့ပြီး CFအဖွဲ့များအနေဖြင့်လည်း (၂၀၂၆) ခုနှစ်မိုးရာသီတွင် စီမံချက်နှင့်အညီ စိုက်ပျိုးလုပ်ကိုင်ဆောင်ရွက်နိုင်ရန် ဆွေးနွေးမှာကြားခဲ့ ပါသည်။ အခမ်းအနားသို့ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောအဖွဲ့ (၄၅)ဖွဲ့မှ အဖွဲ့ဝင်(၁၄၅)ဦး တက်ရောက်ခဲ့ပြီး ဟောပြောပွဲသတင်းအား နိုင်ငံပိုင်သတင်းစာနှင့် ရုပ်သံ များတွင်ဖော်ပြနိုင်ရေး ကလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ သတင်းပေးပို့ဆောင်ရွက် ထားရှိပါကြောင်း သိရှိရသည်။




