၂၃-၂-၂၀၂၆ ရက်နေ့မှ ၁-၃-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၉၉.၃၉၈၀)တန်၊ သစ်မာ (၂၇.၂၇၉၂)တန်၊ အခြား (၄၄.၀၃၀၃)တန်၊ စုစုပေါင်း (၁၇၀.၇၀၇၅)တန်၊ ယာဉ်/ယန္တရား (၈)စီး၊ တရားခံ (၈)ဦး ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁-၃-၂၀၂၆ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ကံရိုးဘိနယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၅၀/၂)မိုင်အနောက် ထန်းသုံးပင်ကျေးရွာ အနောက်ဘက် (၁)မိုင်ခန့် အကွာနေရာမှ တရားမဝင် ကျွန်း၊ ပျဉ်းကတိုး သစ်လုံး/လုံးပတ်(၃)ပေအာက်သစ် စုစုပေါင်း (၃၀၆)လုံး (၈၉.၅၇၀၀)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိသည်။

date: 
Tuesday, March 3, 2026 - 15:00