မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်နှင့် မြို့နယ် သစ်တောဦးစီးဌာနမှကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်နှင့် မြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အထိမ်းအမှတ် အခမ်းအနားကို မတ် ၂၁ ရက် နံနက် (၉:၀၀)နာရီခွဲက ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အခမ်းအနားတွင် ရမည်းသင်းခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်းက သစ်တောနှင့် ဆန်းသစ်ပြောင်းလဲခြင်း၊ သစ်တောဂေဟစနစ်များ အရေးပါပုံ၊ သစ်တောများ ပျက်စီး ပြုန်းတီးလာရခြင်း၊ ကမ္ဘာမြေ ပူနွေးလာခြင်း(Global Warming)၊ သစ်တော ပျက်စီး ပြုန်းတီးခြင်း(Deforestation)၊ တရားမဝင်သစ်ခိုးထုတ်ခြင်း၊ အဆောက်အအုံများ တိုးချဲ့ ဆောက်လုပ်ခြင်း၊လူဦးရေ တိုးတက်များပြားလာခြင်းနှင့် အင်းဆက်ပိုးမွှားများကြောင့် ကမ္ဘာ့သစ်တောများ လျော့နည်းပျောက်ဆုံးလာခြင်းနှင့်အတူ ဇီဝမျိုးစုံမျိုးကွဲများ မျိုးသုန်း ပျောက်ကွယ်လာခြင်းတို့ကို ပရိုဂျက်တာဖြင့်ရှင်းလင်းဆွေးနွေး ပါသည်။ ထို့နောကျ အထိမ်းအမှတ် ဗီဒီယိုပြသပြီး ပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးအပ်ပါသည်။ အဆိုပါ အခမ်းအနားသို့ ခရိုင်ပြန်ဆက်ဦးစီးဌာနဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ် သစ်တောဦးစီးဌာန ဝန်ထမ်းများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၈၄)ဦးတက်ရောက်ကြောင်းသတင်းရရှိသည်။
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-f7ab3a2b777681a77c4c37cb00a0d800-V.jpg?itok=1O8M3-Gh)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-8ee22883498d3e84bcbb3c38cd4ba460-V.jpg?itok=A3P8H1lR)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-a25a5a4ed9ccee4ddd2ecf3869a05935-V.jpg?itok=m4VaenJZ)