ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောကျေးရွာအုပ်စု၊ ရွှေဘုံသာဘုန်းတော်ကြီးကျောင်းတွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
(၅-၃-၂၀၂၆) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီ၌ ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာ ပေးဟောပြောပွဲ အခမ်းအနားကို ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောကျေးရွာအုပ်စု၊ ရွှေဘုံသာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကျိုက်စကောကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးနှင့် ရပ်မိရပ်ဖ(၅)ဦး၊ ဒေသခံပြည်သူ(၄၀)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ(၆)ဦး၊ စုစုပေါင်း (၅၁)ဦး တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးလွင်မိုးအောင်မှ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ တောအုပ်ကြီး ဦးနေငြိမ်းချမ်းမှ သစ်တောသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေးဆိုင်ရာများကို တက်ရောက်လာသူများသို့အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက် လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း မီးခိုးမြူငွေ့လျှော့ချရေး ဆိုင်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ကျင်းပဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။




