ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
(၅-၃-၂၀၂၆)ရက်နေ့၊ နံနက် (၉:၀၀)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြချင်းကုန်းကျေးရွာတွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ မြောင်းမြ မြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်-ဦးထွန်းတင့်စိုးမှ မီးခိုးမြူငွေ့ညစ်ညမ်းမှုဖြစ်ပေါ်စေ သည့် အကြောင်းအရာများ၊ တောမီးအန္တရာယ်နှင့် သစ်တောများမှရရှိသည့် အကျိုးကျေးဇူးများ ကို ပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြချင်းကုန်းကျေးရွာသား (၃၆)ဦး၊ ကျေးရွာသူ (၁၄)ဦး၊ စုစုပေါင်း(၅၂)ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။


date:
Thursday, March 5, 2026 - 20:45
