မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
(၆-၃-၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၁၅)နာရီအချိန်တွင် တောင်တွင်းကြီးမြို့နယ်၊ သစ်တော ဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာအုပ်စု၊ စိုင်သေကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ဆတ်သွား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ စိုင်သေကုန်းကျေးရွာ ရွာခွဲတာဝန်ခံနှင့်ရပ်မိရပ်ဖ(၇)ဦး၊ ဒေသခံ ပြည်သူ(၄၁)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၄)ဦး စုစုပေါင်း (၅၂)ဦးတို့ တက်ရောက်ခဲ့ ကြပါသည်။
အခမ်းအနားတွင် တောင်တွင်းကြီးမြို့နယ်၊ သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးဇော်ဌေးဝင်းမှ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အကြောင်းအရာများ နှင့် သစ်တောသစ်ပင် စိုက်ပျိုးပြုစုထိန်းသိမ်းရေးဆိုင်ရာများကို တက်ရောက်လာသူများထံသို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည် များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။



