“Remote Sensing & GIS နည်းပညာများ အသုံးပြု၍ မြို့နယ်အလိုက် သစ်တောဖုံးလွှမ်းမှုအား ဆန်းစစ်လေ့လာခြင်း” သင်တန်းဖွင့်ပွဲကျင်းပ
ဦးစွာ ညွှန်ကြားရေးမှူးချုပ်က ယခုသင်တန်းကို သစ်တောဦးစီးဌာနရှိ ဝန်ထမ်းများအား ArcGIS Softwareကိုအသုံးပြုပြီး သစ်တောစီမံအုပ်ချုပ်မှုနဲ့ သစ်တောဖုံးလွှမ်းမှုများ တွက်ချက် ခြင်းလုပ်ငန်းများတွင် RS/GIS အဆင့်မြင့်နည်းပညာများကို လူငယ်မျိုးဆက်သစ်များ ကျွမ်းကျင် စွာအသုံးပြုလာနိုင်စေရန်၊ AI နည်းပညာများကို အခြေခံ၍ သစ်တောများစောင့်ကြည့် လေ့လာ တဲ့ နည်းစနစ်များကို အသုံးပြုနိုင်လာစေရန်နှင့် အရည်အသွေးပြည့်မီတဲ့ မြေပုံတွေကို သက်ဆိုင် ရာဌာနများနဲ့ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးများမှ ကိုယ်တိုင် ပြင်ဆင်ထုတ်လုပ်လာနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ကြောင်း၊ RS/GIS နည်းပညာများကိုအသုံးပြုပြီး နိုင်ငံအဆင့်သစ်တောဖုံးလွှမ်း မှုပမာဏ၊ သစ်တောပြုန်းတီးမှု၊ သစ်တောကာဗွန်တွက်ချက်မှု၊ မြေအသုံးချမှုစတဲ့ အဆင့်မြင့် မြေပုံတွေသာမက နှစ်စဉ်သစ်တောပျက်စီးလျော့နည်းလာမှု၊ တိုးပွားလာမှု စတဲ့ကိန်းဂဏန်း အချက်အလက်များကို တိတိကျကျ ရရှိနိုင်သောကြောင့် ဂေဟစနစ်ထိန်းသိမ်းရေးလုပ်ငန်းများ၊ သစ်တောစီမံအုပ်ချုပ်ရေး လုပ်ငန်းများနဲ့ပတ်သက်ပြီး မူဝါဒများ ချမှတ်တဲ့နေရာမှာ အထောက် အကူပြုနိုင်မှာဖြစ်ကြောင်း၊ ခေတ်မီနည်းပညာ softwareများ တိုးတက်လာသကဲ့သို့ လူစွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးသည်လည်း အရေးကြီးသောကြောင့် သင်တန်းသားများအနေဖြင့် ယခု သင်တန်းက ဖွင့်လှစ်ပို့ချတဲ့ RS/GIS နည်းပညာရပ်များကိုလည်း မိမိတို့သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်များမှာပြန်လည် အသုံးချနိုင်သည်အထိ ကြိုးစားသင်ယူကြရန်လိုအပ်ကြောင်း၊ နည်းပညာ ကို အမီမလိုက်နိုင်သူဟာ ခေတ်နောက်ကျကျန်ခဲ့မှာ ဖြစ်သည့်အတွက် မြေပုံဆွဲတတ်ရုံတင် မဟုတ်ဘဲ AI နည်းပညာရပ်တွေပါ ကျွမ်းကျင်စွာပေါင်းစပ် အသုံးပြုတတ်ရန် အရေးကြီးပါ ကြောင်း ပြောကြားသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဖေချစ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာ/မများ၊ သင်တန်းသူ/သား များနှင့် တာဝန်ရှိသူများတက်ရောက်ပြီး သင်တန်းအား မတ်လ(၉) ရက်နေ့မှ (၁၂) ရက်နေ့အထိ (၄)ရက်ကြာ စာတွေ့လက်တွေ့သင်ကြားမည်ဖြစ်ပြီး သင်တန်းသူ/သား စုစုပေါင်း (၃၅)ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။
