သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ
(၉-၃-၂၀၂၆) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက် ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေ ခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ရုံးမှ တောအုပ်ကြီးမှ ဒုတိယညွှန်ကြားရေးမှူးထိ သစ်တောဝန်ထမ်း (၈၁) ဦး တက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး၊ ဦးစီးအရာရှိနှင့် လက်ထောက်ညွှန်ကြားရေးမှူး (၁၉) ဦးစီက online စနစ်ဖြင့် တက်ရောက်ခဲ့သည်။
အစီအစဉ်အရ ဒေါက်တာဝင်းမောင်အေး (ဒုတိယညွှန်ကြားရေးမှူး၊ ရေဝေရေလဲဒေသအုပ် ချုပ်ရေးဌာနခွဲ)က သဘာပတိအဖြစ်ဆောင်ရွက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သိန်းဆောင် (စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲ) မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပူအာမြို့၌ ကျင်းပ သော ဒုတိယအကြိမ် အာရှပစိဖိတ်သစ်တောများဖိုရမ်အားလည်းကောင်း၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိန်ဝင်းထွန်း (သဘာဝဝန်းကျင်နှင့်သားငှက်တိရိစ္ဆာန်ထိန်း သိမ်းရေးဌာနခွဲ)မှ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ကျင်းပသော အာဆီယံ၏ သိပ္ပံဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်များကော်မတီ(ASEAN Scientific-SAC)၏ (၁၁)ကြိမ်မြောက်အစည်းအဝေးနှင့် အာဆီယံ အမွေအနှစ်ဥယျာဉ်များဆိုင်ရာ (၈)ကြိမ်မြောက်ညီလာခံအားလည်းကောင်း၊ ဒုတိယညွှန်ကြား ရေးမှူး ဒေါက်တာမူမူအောင်(သစ်တောသုတေသနဌာနခွဲ)မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပသော အရှေ့တောင်အာရှ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရှိရသည်။


