တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

(၁၂-၃-၂၀၂၆) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီ၌ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး ဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို မြိတ်မြို့နယ်၊ ရှမ်းချောင်း သစ်တောပျိုးဥယျာဉ် MRRP အဆောင်တွင် ကျင်းပဆောင်ရွက်ခဲ့ရာ ဒေသခံပြည်သူနှင့် လုပ်ငန်း ရှင်များ ကျား(၅၆)ဦး၊ မ(၁၄)ဦး၊ ပေါင်း(၇၀)ဦး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ (၁၁)ဦး၊ စုစုပေါင်း (၈၁)ဦး တက်ရောက်ခဲ့ကြပါသည်။ မြိတ်မြို့နယ်၊သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ-ဦးဝေယံမြင့်ချိုမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး ဆိုင်ရာ အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြော ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါ ကြောင်း သိရှိရသည်။

date: 
Friday, March 13, 2026 - 10:15