လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ သစ်တောဦးစီးဌာန၊ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
(၁၄-၃-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊သစ်တောဦးစီးဌာနမှကြီးမှူး၍ လင်းခေးမြို့နယ်၊ နောင်လုံ ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ" ကျင်းပပြုလုပ်ခဲ့ရာ လင်းခေးမြို့နယ်၊ မြို့နယ်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်မျိုးနိုင်မှ" မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ" သိကောင်းစရာများကို ဟောပြောပို့ချခဲ့ပါကြောင်း၊
မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီးဦးဇော်ဝင်းမှ "သစ်တောထိန်းသိမ်းရေး နှင့် ရာသီဥတုပြောင်းလဲမှုတွင် သစ်တောသစ်ပင်များ၏အရေးပါပုံ" များအား ရှင်းလင်းဟော ပြောခဲ့ပါကြောင်း၊ လင်းခေးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးမှ မီးခိုးမြူငွေ့လျော့ ချရေးတွင် ဆောင်ရွက်သင့်သည့်လုပ်ငန်းများ တောမီးနှင့်ပတ်သက်သည့်အကြောင်း အရာများ အားလည်းကောင်း အသိပညာပေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူ ဒေသခံပြည် သူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့နယ်ဦးစီးဌာနမှူးမှ ပြန်လည်ဖြေကြားခဲ့ပြီး၊ မီးခိုး မြူငွေ့လျော့ချရေးအသိပညာပေး video clip အား တက်ရောက်လာသူများသို့ပြသခဲ့ပြီး (၁၁:၃၀) နာရီချိန်တွင် ပြီးစီးခဲ့ပါသည်။
ဟောပြောပွဲသို့ ဌာနဆိုင်ရာ (၁)ဦး၊သစ်တောဦးစီးဌာနမှ (၄)ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ဒေသခံပြည်သူ(၈၀)ဦး၊ စုစုပေါင်း (၈၅) ဦး တက်ရောက်ခဲ့ပါကြောင်း၊ ပြီးနောက် မီးခိုး မြူငွေ့နှင့်ပတ်သက်သည့် ပညာပေးလက်ကမ်းစာစောင်(၈၀) စောင်အားဖြန့်ဝေခဲ့ပါကြောင်း သိရှိရသည်။




