ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပန်ဝိုးကျေးရွာအုပ်စု၊ အိမ်ခစ်နောင်နိမ့်ကျေးရွာတွင် သစ်တောထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျှော့ချရေးနှင့် တောမီးကာကွယ်ရေး၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း အသိပညာပေး ဟောပြောပွဲကျင်းပ

၁၄-၃-၂၀၂၆ ရက်နေ့တွင် လွိုင်လင်မြို့နယ်၊ ပန်ဝိုးကျေးရွာအုပ်စု၊ အိမ်ခစ်နောင်နိမ့် ကျေးရွာရှိ မူလတန်းလွန်ကျောင်း ခန့်မှန်းမြေပုံညွှန်း(20° 56' 19.02"N 97° 31' 49.51"E) နေရာတွင် သစ်တောသစ်ပင်ထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျှော့ချရေးနှင့်တောမီးကာကွယ် ရေး အသိပညာပေးဟောပြောပွဲအား (၁၈:၀၀)နာရီတွင် စတင်ကျင်းပခဲ့ပြီး ဦးမောင်မျိုး (ဦးစီးအရာရှိ)မှ သစ်တောထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျှော့ချရေးနှင့် တောမီးကာကွယ် ရေးတို့အား အသိပညာပေးဟောပြောခဲ့သည်။
နယ်မြေတာဝန်ခံတောအုပ်ကြီး ဦးဆန်းမင်းစိုးမှ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း၏ လုပ်ထုံးလုပ်နည်းများအား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူ ဒေသခံတိုင်းရင်းသားများအား မမြင်နိုင်သော လူသတ်သမားပညာပေး video clip၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲခြင်ဆိုင်ရာ video clip၊ သိပ္ပံနည်းကျ သစ်ပင်စိုက်ပျိုးခြင်း video clip တို့အားပြသ၍ ဟောပြောခဲ့ပါသည်။
ဟောပြောပွဲသို့ ဒေသခံတိုင်းရင်းသား အမျိုးသား(၃၆)ဦး၊ အမျိုးသမီး(၄၇)ဦး စုစုပေါင်း(၈၃)ဦး တက်ရောက်ခဲ့ပြီး ဟောပြောပွဲအား (၁၉:၃၃)နာရီတွင် အောင်မြင်စွာ ဟောပြောဆွေးနွေးခဲ့ပါကြောင်း သိရှိရသည်။

date: 
Sunday, March 15, 2026 - 09:30