ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
၁၄-၃-၂၀၂၆ရက်နေ့၊ နေ့လယ် (၀၁:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်၊သစ်တောဦးစီးဌာနမှကြီးမှူး၍ တန့်ယန်းမြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌"သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ " ကျင်းပ ပြုလုပ်ခဲ့ရာ တန့်ယန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးအိုက်ပေါင်းအောင် က" သစ်တောထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ" သိကောင်းစရာများကို ဟော ပြောပို့ချခဲ့သည်။
တန့်ယန်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝေဖြိုးလွင်က "တောမီး လောင်ကျွမ်းခြင်း ကာကွယ်ရေးဆိုင်ရာ" သိကောင်းစရာများဟောပြောခဲ့ပါကြောင်း၊ တန့်ယန်း မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှစိုးဝင်းက "ရေသယံဇာတထိန်းသိမ်းရေး၊ ရွှေ့ပြောင်းတောင်ယာလျော့နည်းပပျောက်ရေး၊ မီးခိုးမြူငွေလျော့ချရေးဆိုင်ရာ" အသိပညာ များအား ဟောပြောပို့ချခဲ့ပါကြောင်းနှင့် တက်ရောက်လာသူ ဒေသခံပြည်သူများက သိလိုသည် များကိုမေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနများမှ ပြန်လည်ဖြေကြားခဲ့ပါသည်။ ဟောပြောပွဲသို့ ကျား (၃၀)ဦး၊ မ (၅၀)ဦး၊ စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။



