သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦးမှ ASEAN Center for Biodiversity (ACB) မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ AHP-SGP စီမံကိန်းလုပ်ငန်းကိစ္စတွေ့ဆုံဆွေးနွေး

၅-၄-၂၀၂၄ ရက်နေ့နံနက်ပိုင်းတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင်၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများမှ Ambassador and Permanent Representative of the Republic of the Philippines to the Association of Southeast Asian Nations (ASEAN) ဖြစ်သူ H. E. Amb. Hjayceelyn Mancenido Quintana၊ အာဆီယံဇီဝမျိုးစုံမျိုးကွဲ ဗဟိုဌာနမှ Ms. CORAZON A. DE JESUS JR. (Director၊ Sustainable Use and Access and Benefit-Sharing Division Programmes Department, ACB) နှင့် Ms. Jenny Choo (Chief Technical Adviser of Small Grants Programme for ASEAN Centre for Biodiversity, GITEC) တို့နှင့်တွေ့ဆုံ၍ သစ်တောဦးစီးဌာနနှင့် အာဆီယံဇီဝမျိုးစုံမျိုးကွဲ ဗဟိုဌာနတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အာဆီယံအမွေအနှစ်ဥယျာဉ် များအတွက် အသေးစားရန်ပုံငွေထောက်ပံ့မှုအစီအစဉ် (AHP-SGP)၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် အနာဂတ်ကာလပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများအား အကျယ်တဝင့် တွေ့ဆုံဆွေးနွေးမှုများပြု လုပ်ခဲ့ကြပါသည်။

date: 
Friday, April 5, 2024 - 16:45