ပြည်သူ့စစ်မှုထမ်းဥပဒေပါပြဌာန်းချက်များအရကင်းလွတ်ခွင့်၊ ယာယီရွှေ့ဆိုင်းခွင့်စသည့် လုပ်ငန်းစဉ်များဆိုင်ရာ ရှင်းလင်းပွဲအခမ်းအနား ကျင်းပခြင်း

ပြည်သူ့စစ်မှုထမ်းဥပဒေပါပြဌာန်းချက်များအရကင်းလွတ်ခွင့်၊ ယာယီရွှေ့ဆိုင်းခွင့် စသည့် လုပ်ငန်းစဉ်များဆိုင်ရာ ရှင်းလင်းပွဲအခမ်းအနားကို (၅-၄-၂၀၂၄)ရက်နေ့ မွန်းလွဲ (၄:၀၀)နာရီ အချိန်တွင် ရုံးအမှတ်(၃၉)၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးကျော်ဇေယျ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး) သစ်တောဦးစီးဌာနမှ အဖွင့်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ ဦးစီးရုံးချုပ်မှ ညွှန်ကြားရေးမှူးများ၊ အရာထမ်းအမှုထမ်းများ တက်‌ရောက်ခဲ့ကြပြီး တာဝန်ရှိသူများမှ ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဌာန်းချက်များအရကင်းလွတ်ခွင့်၊ ယာယီရွှေ့ဆိုင်းခွင့် စသည့်လုပ်ငန်းစဉ်များဆိုင်ရာ သိသင့်သိထိုက်သည့် အချက်အလက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

date: 
Friday, April 5, 2024 - 17:15