၉-၃-၂၀၂၆ ရက်နေ့မှ ၁၃-၃-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၈.၄၅၅၈)တန်၊ သစ်မာ (၈.၄၀၄၄)တန်၊ အခြား (၅၇.၅၀၄၃)တန်၊ စုစုပေါင်း (၈၄.၃၆၄၅)တန်၊ ယာဉ်/ယန္တရား (၁၂)စီး၊ တရားခံ (၁၆)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၀-၃-၂၀၂၆ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်နယ်၊ စဉ့်ကိုင်ဘိနယ်၊ ရွာသာယာ ကျေးရွာအတွင်းမှ တရားမဝင် ကျွန်း/ အင်ကြင်း/ သစ်ယာ/ ပျဉ်းကတိုး/ သပြေ/ အင် သစ်လုံး/ခွဲသား/လုံးပတ်(၃)ပေအောက်သစ် စုစုပေါင်း (၃၂၈)လုံး/ချောင်း (၄၀.၃၉၂၀) တန်၊ (၆)ဘီးယာဉ် (၆)စီး၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိပါသည်။

date:
Wednesday, March 18, 2026 - 10:45
