သစ်တောဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အရအသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သစ်တောဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အရအသုံးခန့်မှန်း ခြေ ငွေစာရင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၁.၄.၂၀၂၄) ရက်နေ့၊ နံနက် (၁၀.၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက်အဖွင့်အမှာစကားပြောကြားပါသည်။ အစည်းအဝေးတွင် ညွှန်ကြားရေးမှူး(စီမံခန့်ခွဲရေး)မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်တည်ဆောက်ရေးနှင့် ဝယ်ယူရေးလုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များကိုလည်းကောင်း၊ ဌာနခွဲအလိုက် ညွှန်ကြားရေးမှူးများမှ မိမိတို့ဌာနအလိုက်ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း၊ ညွှန်ကြားရေးမှူး (ဘဏ္ဍာရေး)မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ အရအသုံးငွေ စာရင်းများကိုလည်းကောင်း၊ အစည်းအဝေး ဒုတိယ အပိုင်းတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ပအကူအညီဖြင့် ဆောင်ရွက်မည့် စီမံကိန်းများ၏ Work Plan အကျဉ်းချုပ်နှင့် ပထမ(၃)လ အသေးစိတ်လုပ်ငန်း အစီအစဉ်များကို စီမံကိန်းတာဝန်ရှိသူများက အသီးသီးရှင်းလင်း တင်ပြကြပါသည်။ တင်ပြချက်များ အပေါ်တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြ ကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များ မှ ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးချက်များအပေါ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပါသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

date: 
Thursday, April 11, 2024 - 20:00