မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ဉပုဒ်တော်ရပ်ကွက်ရှိ မန္တလေး လူငယ်သင်တန်းကျောင်းတွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
၁၉-၃-၂၀၂၆ ရက်နေ့၌ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ဉပုဒ်တော်ရပ်ကွက်ရှိ မန္တလေးလူငယ်သင်တန်းကျောင်းတွင် သစ်တောထိန်းသိမ်းရေး၊ တောမီး ကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအား (၀၉:၃၀) နာရီတွင် စတင်ကျင်းပခဲ့ရာ ဉီးကျော်ဇင်ထွန်း(ကျောင်းအုပ်ကြီး)မှ အဖွင့်အမှာစကား ပြောကြား ပါသည်။
အောင်မြေသာစံမြို့နယ်၊ မြို့နယ်သစ်တောဉီးစီးဌာနမှူးရုံးမှ ဉီးဇင်ဝင်းထွန်း (ဉီးစီး အရာရှိ)မှ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေး" ဆိုင်ရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဉီးစောသိန်းထွန်း (တောအုပ်ကြီး) မှ "တရားမဝင်သစ် ထုတ်လုပ်မှု ပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဉပုဒ်တော် ဒေသအရံမီးသတ်တပ်ဖွဲ့မှ ဉီးရွှေနိုင် (တပ်ကြပ်ကြီး)မှ "မီးဘေးအန္တရာယ် လျော့နည်းကျဆင်း ရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ပါသည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ မန္တလေးလူငယ်သင်တန်းကျောင်းမှ ဆရာ/ဆရာမ (၇) ဉီးနှင့် ကျောင်းသား (၁၂၀) ဉီး၊ ဉပုဒ်တော် ဒေသအရံမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်(၃)ဉီး၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ် ရေးမှူး(၂)ဦး၊ စုစုပေါင်း(၁၃၂)ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း များလည်း ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။




