ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာ ကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ကျရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
(၁၉-၃-၂၀၂၆)ရက်နေ့၊ (၀၈:၃၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ပြည်ခရိုင်၊ ပြည် မြို့နယ်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ကျရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ရွာဘဲရပ်ကွက်သူ၊ ရပ်ကွက်သားများအားဖိတ်ကြား၍ ခေတ္တရာ ပျိုးဥယျာဉ်တွင် ကျင်းပပြုလုပ်ရာ ဒေသခံပြည်သူ (၄၀)ဦး တက်ရောက်ခဲ့ပါကြောင်း၊ မြို့နယ် သစ်တောဦးစီးဌာနမှူး ဦးယဉ်ဝင်းမှ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ကျရေး လုပ်ငန်းများ၊ တောအုပ်ကြီး ဦးခင်မောင်ဌေးမှ သစ်တောပြုစုထိန်းသိန်းရေးလုပ်ငန်းများအား အသိပညာပေးဟောပြောခဲ့ပြီး ဒေသခံများသိရှိလိုသည်များအား ဆွေးနွေးဖြေကြားခြင်းနှင့် ပျိုးဥယျာဉ်တွင် ပျိုးထောင်ခြင်းလုပ်ငန်းအဆင့်ဆင့်အား ရှင်းလင်းပြောကြားခြင်းတို့ ဆောင်ရွက် ခဲ့ပါကြောင်း တင်ပြအပ်ပါသည်။


