ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဆရာစံခန်းမ၌ မှ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အားကြိုဆိုသောအားဖြင့် ခရိုင်အဆင့်အထိမ်းအမှတ်အခမ်းအနားကျင်းပ

(၂၁-၃-၂၀၂၆) ရက်နေ့၊ (၀၈:၃၀) နာရီတွင် မတ်လ(၂၁) ရက်နေ့တွင် ကျရောက်သော ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အား ကြိုဆိုသောအားဖြင့် ခရိုင်အဆင့် အထိမ်းအမှတ်အခမ်းအနားကို သာယာဝတီခရိုင်၊ သာယာဝတီမြို့၊ ဆရာစံခန်းမ၌ ကျင်းပပြု လုပ်ရာ သာယာဝတီ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှုးကြီး မျိုးဇော်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်များမှ သစ်တောဝန်ထမ်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း အဖွဲ့ဝင်များ စုစုပေါင်း (၁၃၁) ဦး တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် သာယာဝတီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးမျိူဇော်မှ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး ၂၀၂၆ ခုနှစ်၊ အပြည်ပြည် ဆိုင်ရာ သစ်တောများနေ့အထိမ်းအမှတ် ဗွီဒီယိုပြသခဲ့ပါကြောင်း သိရှိရသည်။

date: 
Saturday, March 21, 2026 - 17:00