ပဲခူးခရိုင်၊ သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အား ကြိုဆိုသောအားဖြင့် ခရိုင်အဆင့် အထိမ်းအမှတ်အခမ်းအနားကျင်းပ
(၂၀.၃.၂၀၂၆) ရက်နေ့၊ မွန်းလွဲ (၁၄:၀၀) နာရီအချိန်၌ မတ်လ(၂၁) ရက်နေ့တွင် ကျရောက်သော ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အား ကြိုဆိုသောအားဖြင့် ခရိုင်အဆင့်အထိမ်းအမှတ် အခမ်းအနားကို ပဲခူးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးအောင်စိုးမိုးနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာန ဆိုင်ရာများ၊ ပဲခူးခရိုင်သစ်တောဦးစီးဌာနအတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ သစ်တောဝန်ထမ်းများ စုစုပေါင်း (၁၀၂) ဦး တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပဲခူးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ၊ ဦးအောင်စိုးမိုး မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် ဗွီဒီယိုနှင့် သစ်တောကြေးမုံ (၇၅) ပြည့် အထိမ်းအမှတ်ဂုဏ်ပြု ဗီဒီယိုများအား ပြသခဲ့ပါသည်။ ဆက်လက်၍ ပဲခူးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များနှင့် တက်ရောက်လာသူများမှ ခင်းကျင်းပြသထားသော အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အထိမ်းအမှတ်ပိုစတာများအား လှည့်လည်ကြည့်ရှုခဲ့ကြရာ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှူး ဦးချမ်းမြေ့အောင်မှ ရှင်းလင်းတင်ပြခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ် ရေးကော်မတီ၊ ဥက္ကဌနှင့်တက်ရောက်လာသူများမှ သိရှိလိုသည်များ ဆွေးနွေးမေးမြန်းချက် အပေါ် တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။




