သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ
(၂၃-၃-၂၀၂၆) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/ အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည် မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူး ချုပ်ရုံးမှ ငွေစာရင်းဆိုင်ရာဝန်ထမ်းများ၊ တောအုပ်ကြီးမှ ဒုတိယညွှန်ကြားရေးမှူးထိ သစ်တော ဝန်ထမ်း (၁၈၈) ဦး တက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ ငွေစာရင်းဆိုင်ရာဝန်ထမ်း များ၊ တောအုပ်ကြီးနှင့် ဦးစီးအရာရှိ (၇၉) ဦးစီက online စနစ်ဖြင့် တက်ရောက်ခဲ့သည်။
အစီအစဉ်အရ ဦးတင်မိုး (ဒုတိယညွှန်ကြားရေးမှူး၊ သဘာဝဝန်းကျင်နှင့် သားငှက် တိရစ္ဆာန်ထိန်းသိမ်းရေးဌာနခွဲ)က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကျော့ကျော့အောင် (ဘဏ္ဍာရေးဌာနခွဲ) မှ ညွှန်ကြားရေးမှူးချုပ်ရုံး၊ သစ်တောဦးစီးဌာန၊ (၂၂/ ၂၀၂၅)ကြိမ်မြောက် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး၌ ကျင်းပသော ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ စာရင်းစစ် စစ်ဆေးတွေ့ရှိချက်များအားလည်းကောင်း၊ ဦးစီးအရာရှိ၊ ဒေါ်နီလာကို(ဘဏ္ဍာရေး ဌာနခွဲ)က ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ကျင်းပသော ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲ မှုဆိုင်ရာအသိပညာမျှဝေခြင်း ပြည့်သူ့ဘဏ္ဍာရေး စီမံ ခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၁၀)အားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ရာ ညွှန်ကြားရေး မှူး (ဘဏ္ဍာရေးဌာနခွဲ)က ဖြည့်စွက်ပြောကြားပြီး တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှု များအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရှိရသည်။
