တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ဘုတ်ပြင်းမြို့နယ်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ (မြို့နယ်အဆင့်)ကျင်းပ

(၂၃-၃-၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီ၌ တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီး ဌာန၊ ဘုတ်ပြင်းမြို့နယ်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ ချရေးဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဘုတ်ပြင်းမြို့နယ်၊ ကရိုင်တိုင်ကျေးရွာမြစိမ်းရောင်ခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ရာ အတွင်းဘုတ်ပြင်းကျေးရွာ အုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဉီးစိုးနိုင်ဉီးနှင့် ရပ်မိရပ်ဖများ၊ ဒေသခံများ၊ အမျိုးသား(၄၂)ဉီး/ အမျိုးသမီး(၅၂)ဉီး၊ စုစုပေါင်း(၉၄)ဉီး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ(၇)ဦး၊ စုစုပေါင်း (၁၀၁) ဦး တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ရာအိမ်မှူး ဉီးအောင်ကျော်စိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘုတ်ပြင်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဉီးစီးအရာရှိ၊ ဦးစောလူးသယ်ရွှေမှ သစ်တောထိန်းသိမ်း ရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အကြောင်းအရာများကို တက် ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ သစ်တောထိန်းသိမ်းရေး၊ သစ်ပင်စိုက်ပျိုးခြင်းကြောင့် သဘာဝဘေးဒဏ်များမှ ကာကွယ်ပေးခြင်းဆိုင်ရာ Video Clip ပြသခြင်း၊သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။

date: 
Tuesday, March 24, 2026 - 09:30