ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင်၊ နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများအား "သစ်တောနှင့်ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများအား "သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို (၂၆-၄-၂၀၂၄) ရက်နေ့တွင် ကျင်းပ ပြုလုပ်ရာ သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးတင်ဝင်းနှင့် ဝန်ထမ်းများမှ သစ်တော နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုထိန်းသိမ်းလျော့ချနိုင်ရေး၊ ရေဝေ ရေလဲဒေသထိန်းသိမ်းရေးနှင့် သစ်တောများမှ ရရှိနိုင်သောအကျိုးကျေးဇူးများအား ရှင်းလင်း ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာအုပ် များလှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၅၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

date: 
Sunday, April 14, 2024 - 11:00