ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများအား "သစ်တောနှင့်ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာဟောပြောပွဲကျင်းပ

(၂၇-၄-၂၀၂၄)ရက်နေ့၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သစ်တောဦးစီးဌာန၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညို၊ အခြေခံပညာအထက်တန်းကျောင်း၌ သစ်တော နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပဆောင်ရွက်ခဲ့ ရာ ဆရာ/ဆရာမ(၁၆)ဦး၊ ကျောင်းသား/ကျောင်းသူ(၅၄)_ဦး စုစုပေါင်း(၇၀)ဦး တက်ရောက် ခဲ့ပါသည်။ ဟောပြောပွဲတွင် သစ်တောနှင့် ရေဝေရေလဲဒေသထိန်းသိမ်းရေး၊ သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ၊ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ရာသီဥတု ပြောင်းလဲမှုထိန်းသိမ်းလျော့ချရေးနှင့် ပတ်သက်၍ ဥတ္တရခရိုင် လက်ထောက်ညွှန်ကြားရေး မှူး ဦးကျော်ကျော်အောင်နှင့် ဥတ္တရသီရိမြို့နယ် ဦးစီးအရာရှိ ဦးရန်နိုင်ဖြိုးတို့က ဟောပြော ခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများက သိလိုသည်များမေးမြန်းခြင်း၊ ပြန်လည်ဖြေကြား ခြင်း၊ သစ်တောကြေးမုံ စာစောင်များ လှူဒါန်းခဲ့ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

date: 
Sunday, April 14, 2024 - 11:00