ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီအတွင်းရှိ ဇမ္ဗူသီရိခန်းမ၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အား ကြိုဆိုသောအားဖြင့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ
(၂၁-၃-၂၀၂၆) ရက်နေ့၊ (၀၉:၀၀) နာရီ၌ မတ်လ(၂၁) ရက်နေ့တွင် ကျရောက်သော ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အား ကြိုဆိုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီအတွင်းရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီဝင် များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်များနှင့် တိုင်းအဆင့်ဌာနဆိုင်ရာ(၅၀)ဦး၊ ခရိုင်အဆင့်ဌာနဆိုင်ရာ(၄၂)ဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ(၃၇)ဦး၊ နေပြည်တော်မှ သစ်တော ဝန်ထမ်း(၁၂၀)ဦး၊ စုစုပေါင်း (၂၄၉)ဦးတို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးမှ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ ဂုဏ်ပြုမိန့်ခွန်းအား မြွက်ကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် ဗွီဒီယိုအား ပြသခဲ့ရာ တက်ရောက်လာသူများမှ တခဲနက် ကြည့်ရှုအားပေးကြ ပါသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီမှ အတွင်းရေးမှူးနှင့် သစ်တောဝန်ထမ်းများမှ မှတ် တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်များမှ ခင်းကျင်းပြသ ထားသည့် Vinyl နှင့် Poster များအား လှည့်လည်ကြည့်ရှုရာ နေပြည်တော်သစ်တောဦးစီးဌာန၊ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။




