ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများအား "သစ်တောနှင့်ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာဟောပြောပွဲကျင်းပ
နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများအား "သစ်တောနှင့် ဇီဝမျိုးစုံမျိုး ကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးအစီအစဉ်အရ" ၂၈-၄-၂၀၂၄ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် ရှောပြာကျေးရွာ အထက်တန်း ကျောင်းတွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲတွင် ပုသိမ်ခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းမင်းနှင့် ပုသိမ်မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက ဦးဆောင်၍ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေး၊ သစ်တောများမှပေးစွမ်းနိုင်သော အကျိုးကျေးဇူးများနှင့် သစ်တောနှင့်ရေဝေရေလဲဒေသထိန်းသိမ်းရေးအကြောင်းတို့ကို ဟောပြောဆွေးနွေး ကြပါသည်။ ဟောပြောပွဲသို့ ပုသိမ်မြို့နယ် ရှောပြာကျေးရွာ အထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၆၃)ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-7eec0c33a80f1775f098173bee55efa4-V.jpg?itok=E9w6eWsY)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-9ab0d18e57e040a60b8bde7fa14af9f0-V.jpg?itok=uQvwxW3k)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-d4f24aa230b55a02dda6f326ccb36ee7-V.jpg?itok=x0ZBWKjt)