မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ အမှတ်(၉)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အား ကြိုဆိုသောအားဖြင့် အထိမ်းအမှတ် အခမ်း အနားကျင်းပ
(၂၁-၃-၂၀၂၆) ရက်နေ့၊ (၀၉:၃၀) နာရီ၌ မတ်လ(၂၁) ရက်နေ့တွင် ကျရောက်သော ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အား ကြိုဆိုသောအားဖြင့် မွန်ပြည်နယ်၊ မော်လမြိုင် မြို့နယ်၊ အမှတ်(၉)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးမှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်/ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာကျောင်းမှ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သားဖွားသင်တန်းကျောင်းမှ သင်တန်း သူများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းလုပ်ငန်းရှင်များ၊ ပုဂ္ဂလိကသစ်တောစိုက် ခင်းလုပ်ငန်းရှင်များ၊ သစ်စက်လုပ်ငန်းရှင်များ၊ ပရိဘောဂလုပ်ငန်းရှင်များနှင့် ပြည်နယ်/ခရိုင်/ မြို့နယ် သစ်တောဝန်ထမ်းများ စုစုပေါင်းအင်အား ကျား(၉၄)ဦး၊ မ(၆၆)ဦး၊ ပေါင်း(၁၆၀)ဦး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားအပြီးတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် တက်ရောက်လာကြသူ များသည် အခမ်းအနားတွင် ပြသထားသည့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်ပိုစတာများအား ကြည့်ရှုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါကြောင်း သိရှိရသည်။





