ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်တွင် "သစ်တောနှင့်ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်တွင် သစ်တောဦးစီး ဌာနဦးဆောင်၍ နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ ကျောင်းသူများအား “ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကို (၂၈-၄-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ အလယ်တန်းအဆင့်နှင့် အထက်တန်း အဆင့် ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပါသည်။ ဟောပြောပွဲတွင် ပျဉ်းမနားမြို့နယ်၊ ဦးစီးအရာရှိ ဦးမျိုးမင်းသိန်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးစုံထိန်းသိမ်းရေးနှင့် ရေဝေရေလဲထိန်းသိမ်းရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ဟောပြောပွဲသို့ ဆရာ/ ဆရာမနှင့်ကျောင်းသား/ကျောင်းသူစုစုပေါင်း (၆၂)ဦး တက်ရောက်ခဲ့ကြပြီး အ.ထ.က(၂) ပျဉ်းမနား ကျောင်းစာကြည့်တိုက်အတွက် သစ်တောကြေးမုံစာစောင်များ လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါ သည်။

date: 
Monday, April 15, 2024 - 12:45