မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် "သစ်တောနှင့်ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာဟောပြောပွဲကျင်းပ

သစ်တောဦးစီးဌာနဦးဆောင်၍ မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန အစည်း အဝေးခန်းမတွင် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများအား“ သစ်တော နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကို (၂၈-၄-၂၀၂၄) ရက်နေ့၊ ညနေပိုင်းတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးထင်အောင်နှင့် မကွေးခရိုင် လက်ထောက်ညွှန်ကြားရေး မှူး၊ ဦးမျိုးအောင်နှင့်တို့က သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ အသိပညာပေးဟောပြော ခြင်း၊ သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေး၊ ရေဝေရေလဲထိန်းသိမ်းရေး ဟောပြောခြင်းနှင့် မကွေးမြို့နယ်၊ ဦးစီးအရာရှိ ဦးလင်းရာဇာမှသစ်တောများမှ ပေးစွမ်းနိုင် သော အကျိုးကျေးဇူးများ ဟောပြောခြင်းများ‌ ဆောင်ရွက်ခဲ့ကြပြီး မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးဝင်းအတွင်းရှိ မြို့မဥယျာဉ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပျိုးထောင် ထားသည့် ပျိုးပင်များလေ့လာနိုင်ရန် ပြသဆောင်ရွက်ခဲ့ကြပါသည်။ ဟောပြောပွဲသို့ ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၅၈)ဦး တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

date: 
Monday, April 15, 2024 - 13:00