ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းမြို့နယ်တွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

(၂၃-၃-၂၀၂၆)ရက်နေ့ (၁၁:၀၀)နာရီအချိန်၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်း မြို့နယ်၊ သစ်တောဦးစီးဌာနမှ ကြီးမှူး၍ မိုးညှင်းမြို့၊ Soe Brothers ကိုယ်ပိုင်အထက်တန်း ကျောင်းတွင် "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲ " ကျင်းပပြုလုပ်ခဲ့ရာ မိုးညှင်းမြို့နယ်၊ မြို့နယ်ဦးစီးဌာနမှူး ရုံးမှ ဦးစီးအရာရှိ ဦးမင်းကိုကိုမှ " တောမီး ကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ ချရေးဆိုင်ရာ" သိကောင်းစရာများကို ဟောပြောပို့ချခဲ့ပါသည်။
မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီး ဦးသန့်ဇင်ဦးမှ "သစ်တောထိန်းသိမ်း ရေး" များအား ရှင်းလင်းဟောပြောခဲ့ပါကြောင်း၊ တက်ရောက်လာသူ ကျောင်းသား/သူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့နယ်ဦးစီးဌာနမှူးမှ ပြန်လည်ဖြေကြားခဲ့ပြီး၊မီးခိုးမြူငွေ့လျော့ ချရေး အသိပညာပေး video clip အား တက်ရောက်လာသူများသို့ ပြသခဲ့ပြီး (၁၂:၀၀) နာရီ ချိန်တွင်ပြီးစီးခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသား (၂၁)ဦး၊ ကျောင်းသူ(၃၆)ဦး၊ ဆရာ/ ဆရာမ (၄)ဦးနှင့် သစ်တောဦးစီးဌာနမှ (၁၃)ဦး၊ စုစုပေါင်း (၇၄)ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။

date: 
Tuesday, March 24, 2026 - 16:00