တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး နှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ (မြို့နယ်အဆင့်)ကျင်းပ

(၂၅-၃-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ၌ တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီး ဌာန၊ ဘုတ်ပြင်းမြို့နယ်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ ချရေးဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဘုတ်ပြင်းမြို့နယ်၊ ထောင်ခမတ် ကျေးရွာအုပ်စု၊ မဟဲသစ်တောင်ဒဂုံဆီအုန်းစိုက်ခင်း ရှင်းလင်းဆောင်ခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ရာ မဟဲသစ်တောင်ဒဂုံဆီအုန်းစိုက်ခင်း ဇုန်မန်နေဂျာ ဦးကျော်ဝင်းနှင့် မဟဲသစ် တောင်ဒဂုံ၊ ဆီအုန်းခြံမှ အမျိုးသား(၈၂)ဦး/အမျိုးသမီး(၂၀)ဦး ၊ စုစုပေါင်း(၁၀၂)ဦး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ (၄)ဦး၊ စုစုပေါင်း (၁၀၆)ဦးတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ဘုတ်ပြင်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဦးစောလူး သယ်ရွှေမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက် ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ သစ်တောထိန်းသိမ်းရေး၊ သစ်ပင်စိုက်ပျိုးခြင်းကြောင့် သဘာဝဘေးဒဏ်များမှ ကာကွယ်ပေးခြင်းဆိုင်ရာ Video Clipပြသခြင်း၊ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။

date: 
Wednesday, March 25, 2026 - 18:45