ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သပြေကွင်းကျေးရွာ၊ အမက(သပြေ ကွင်း)ကျောင်းတွင် ရေချွေတာသုံးစွဲရေးအသိပညာပွဲဟောပြောပွဲကျင်းပ
(၂၅-၃-၂၀၂၆)ရက်နေ့ (၁၀:ဝ၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သပြေကွင်းကျေးရွာ၊ အမက(သပြေကွင်း)ကျောင်းတွင် *ရေချွေတာသုံးစွဲရေး အသိပညာပွဲဟောပြောပွဲ*ကို ဆောင်ရွက်ခဲ့ရာ သစ်တောဝန်ထမ်း(၃)ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များ၊ သပြေကွင်းကျေးရွာမှဒေသခံပြည်သူ(၆၅)ဦး၊ စုစုပေါင်း(၆၈)ဦး တက်ရောက် ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် ရေကြည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ဦးဂျူလိုင်ဇင် မှ ရေ၏တန်ဖိုးနှင့် အရေးပါမှု၊ကမ္ဘာ့ရေအရင်းအမြစ် အခြေအနေနှင့် ရေပြဿနာများ၊ ရေရှားပါး မှုဖြစ်စေသော အကြောင်းအရင်းများ၊ မြန်မာနိုင်ငံ၏ ရေအရင်းအမြစ်အခြေအနေ၊ ရေချွေတာ ခြင်း၏ အကျိုးကျေးဇူးများ၊ လက်တွေ့ကျင့်သုံးနိုင်သော ရေချွေတာနည်းလမ်းများ၊ ရေကို ပြန်လည်အသုံးပြုခြင်း (Water Reuse)၊ ရေရှည်တည်တံ့ ရေအသုံးပြုမှုအတွက် လူမှုအသိုက် အဝန်း၏ အခန်းကဏ္ဍ၊ သစ်တောထိန်းသိမ်းကာကွယ်ခြင်းနှင့် ရေအရင်းအမြစ်ဆက်နွယ်မှု၊ ရေ အရင်းအမြစ်များထိန်းသိမ်းရန် သစ်တောဦးစီးဌာနမှ ဆောင်ရွက်မှုများကို ဆွေးနွေးဟောပြော ခဲ့ပါကြောင်း သိရှိရသည်။


