သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်းသင်တန်းကျောင်း၊ မှော်ဘီမြို့၌“စျေးကွက်ဝင် စားသုံးမှိုနှင့် ဝါးစိုက်ပျိုး၊ ထုတ်လုပ်ခြင်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ

(၂၉.၄.၂၀၂၄) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်းသင်တန်းကျောင်း၊ မှော်ဘီမြို့၌ ဒေသခံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် တစ်ခုဖြစ်သည့် “စျေးကွက်ဝင် စားသုံးမှိုနှင့် ဝါးစိုက်ပျိုး၊ ထုတ်လုပ်ခြင်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ ဆောင်ရွက်ရာ အခမ်းအနားသို့ သစ်တောဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးဌာန၊ ညွှန်ကြားရေးမှူး ဦးတင့်ခိုင်မှ (Virtual) စနစ်ဖြင့် တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး သင်တန်းကျင်းပမှုနှင့် ပတ်သက်သည့် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင် ရွက်ပေးခဲ့သည်။ ဆက်လက်၍ AFoCO Secretariat မှ Program Officer ၊ Ms. SooZin Ryang မှ (Virtual) စနစ်ဖြင့် သင်တန်း အဖွင့်အမှာစကားပြောကြားသည်။“စျေးကွက်ဝင်စားသုံးမှိုနှင့်ဝါးစိုက်ပျိုး၊ထုတ်လုပ်ခြင်းသင်တန်း” ကိုသစ်တောမှီခိုသူဒေသခံ ပြည်သူများ၏ အခြေခံစားဝတ်နေရေးလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရန်၊ သစ်တောသယံဇာတများ ထိန်းသိမ်းရေးလုပ်ငန်းစဉ်များတွင် ဒေသခံပြည်သူများ၏ စွမ်းဆောင်ရည်တိုးတက်မြင့်မားစေရန် နှင့်ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် စသည့် ရည်ရွယ်ချက် များဖြင့် ကျင်းပခြင်းဖြစ်ကြောင်းသိရှိရပြီး သင်တန်းသို့ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများမှ ဒေသခံ ပြည်သူ (၂၄) ဦးတက်ရောက်မည်ဖြစ်ကြောင်းသိရှိရသည်။အဆိုပါသင်တန်းကို သစ်တောဦးစီးဌာနနှင့် ဆက်စပ်တက္ကသိုလ်များမှ ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များက စာတွေ့/လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလအနေ ဖြင့် (၂၉.၄.၂၀၂၄) ရက်နေ့မှ (၃.၅.၂၀၂၄) ရက်နေ့အထိ (၅) ရက်ကြာ ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

date: 
Tuesday, April 30, 2024 - 10:30