ဧရာဝတီတိုင်းဒေသကြီး၊ ‌မြောင်းမြခရိုင်၊ ဖျာပုံမြို့နယ်တွင် "သစ်တောထိန်းသိမ်းရေး၊ တောမီး ကာကွယ်ရေးနှင့်မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ" ကျင်းပ

(၂၆-၃-၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ‌မြောင်းမြခရိုင်၊ ဖျာပုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာ ကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ"အခမ်းအနားကို ဖျာပုံမြို့နယ်၊ ကျုံတာရှမ်းကွင်းကျေးရွာအုပ်စု၊ ကျုံတာကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ တွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကျုံတာရှမ်းကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ဒေသခံပြည်သူ ကျား(၁၂)ဦး၊ ကျေးရွာသူ မ(၃၉)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနမှ ဝန်ထမ်း(၂)ဦး၊ စုစုပေါင်း ( ၅၇)ဦးတို့တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ဖျာပုံမြို့နယ်၊ သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးပိုင်ဇင်ဦးမှ တရား မဝင် သစ်တားဆီးကာကွယ်‌ရေး၊ တောမီးကာကွယ်ရေး၊ သစ်တောသစ်ပင်စိုက်ပျိုးပြုစုထိန်း သိမ်းရေး ဆိုင်ရာများအားလည်း‌ကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိမွန်မှ မီးခိုးမြူ‌ငွေ့၏အန္တရာယ်နှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အကြောင်းအရာများ ကို တက်ရောက်လာသူများထံသို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ သစ်တော ထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။

date: 
Thursday, March 26, 2026 - 19:15