သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၏ ( ၁/၂၀၂၄-၂၀၂၅)ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

(၃၀-၄-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် သစ်တောဦးစီးဌာန ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း (၁/၂၀၂၄-၂၀၂၅)ကြိမ်မြောက်တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီအစည်းအဝေးကျင်းပရာ ကော်မတီဥက္ကဌ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး) ဦးကျော်ဇေယျနှင့် စိစစ်ရေး ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုသာမန် အသုံးစရိတ်ရန်ပုံငွေ၊ စီမံကိန်းရန်ပုံငွေတို့ဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းနှင့် ပစ္စည်းဝယ်ယူရေးလုပ်ငန်းများအား နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၂)တို့နှင့်အညီ အရည်အသွေး၊ စံချိန်စံညွှန်းများ၊ ဈေးနှုန်းများ စိစစ်ရန်ဖြစ်ပါကြောင်း၊ လေလွင့်ပြုန်းတီးမှုမရှိစေရေး၊ သင့်တင့်သောနှုန်းထားဖြင့် အရည်အသွေး ပြည့်မီစွာ ရရှိစေရေးအတွက် တက်ရောက်လာသူများမှ မိမိတို့သိရှိထားသေားဈေးနှုန်း ဈေးကွက်အခြေအနေ၊ အတွေ့အကြုံအပေါ် အခြေခံပြီး အကြံပြုကြစေလိုပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ တာဝန်ရှိသူများက မိမိတိုကဏ္ဍအလိုက် ဆောင်ရွက်မည့် တည်ဆောက်ရေးနှင့် ပစ္စည်းဝယ်ယူရေးနှင့် ပတ်သက်၍ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးခြင်း၊ အရည်အသွေးစံချိန်စံညွှန်းများနှင့် ဈေးနှုန်းများ စိစစ် ခြင်း၊ အတည်ပြု ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။

date: 
Tuesday, April 30, 2024 - 20:00