ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် အုပ်ချုပ်မှုအောက်ရှိ ခရမ်းမြို့နယ်၊ ကမာကလူကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး နှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
(၂၉-၃-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် အုပ်ချုပ်မှုအောက်ရှိ ခရမ်းမြို့နယ်၊ ကမာကလူကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကို ကျင်းပခဲ့ရာ ကမာကလူကျေးရွာမှ ကျေးရွာသူ/ ကျေးရွာသား များ၊ သန်လျင်မြို့နယ်၊ မြို့နယ်ဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီး၊ ဦးစိန်မောင်နှင့် သစ်တော ဝန်ထမ်း(၂)ဦးပါ ကျား(၂၈)ဦး၊ မ(၂၉)ဦး၊ စုစုပေါင်း (၅၇)ဦး တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးဟောပြောပွဲတွင် သန်လျင်မြို့နယ်၊ မြို့နယ်ဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီး ဦးစိန်မောင်မှ မြန်မာနိုင်ငံရှိ တောအမျိုးအစားများ၊ ဂေဟစနစ်များနှင့် ဇီဝမျိုးစုံ/ မျိုးကွဲများ၏ အခြေအနေများ၊ သစ်တောနှင့် ဂေဟစနစ်များပျက်စီးရခြင်း အကြောင်းအရင်းများ၊ တောမီး လောင်ကျွမ်းမှု အခြေခံအကြောင်းအရင်းများ၊ Fire Hotspot ဖြစ်ထွန်းမှု အခြေအနေများ၊ နယ်မြေဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု၏ဆိုးကျိုးများ၊ ပြည်သူလူထု ပူးပေါင်းပါဝင် သော သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။


