သာစည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သောက်သုံးရေလှူဒါန်းခြင်း

(၃၀-၄-၂၀၂၄)ရက်နေ့တွင်၊ သာစည်မြို့နယ်၊ လှိုင်းတက်အုပ်စုရှိ သောက်သုံးရေ လိုအပ် လျက်ရှိသော ကန်ကြီးအောက်ကျေးရွာရှိ အိမ်ထောင်စု (၈၁) စုအတွက် ရေဂါလံ(၁၂၀၀)ဆံ့ ရေကား (၂)စီး၊ စုစုပေါင်းဂါလံ(၂၄၀၀)ကို သာစည်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်မင်းထွန်း-၂ ဦးဆောင်သော သစ်တောဝန်ထမ်းများမှ ရေကုသိုလ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

date: 
Tuesday, April 30, 2024 - 20:30