ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများအား "သစ်တောနှင့်ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာဟောပြောပွဲကျင်းပ

နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား‌/ကျောင်းသူများအား "သစ်တောနှင့် ဇီဝမျိုးစုံမျိုး ကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးအစီအစဉ်အရ" ၃၀-၄-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်း တွင် ဟိုပုံးမြို့နယ်၊ နောင်တောင်းပရဟိတဘုန်းတော်ကြီးသင်ပညာရေး တပ်ဦးကျောင်း၊ ဟိတကာရီသိမ်ဓမ္မာရုံအတွင်း၌ ကျင်းပပြုလုပ်ရာ ဟိုပုံးမြို့နယ် သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်လှိုင်ဆွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်လဲ့လဲ့မွန်နှင့် တောအုပ်ကြီး ဦးအောင်အောင်ထွန်းတို့က ဟောပြောပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ရာသီဥတု ပြောင်းလဲမှုနှင့် သစ်တော၏အခန်းကဏ္ဍတို့ကို ဟောပြောဆွေးနွေးခြင်း၊ ပညာပေးဗီဒီယိုပြသခြင်းနှင့် ဟိုပုံးမြို့နယ်၊ စိမ့်စမ်းပျိုးဉယျာဉ်အတွင်း ပျိုးပင်များ ပျိုးထောင်ခြင်းနှင့် ပြုစုထိန်းသိမ်းခြင်းတို့ကို လက်တွေ့လေ့လာပြသခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၂၀)ဦး တက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။

date: 
Wednesday, May 1, 2024 - 09:45