ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ငှက်သိုက်ကျေးရွာအုပ်စု၊ ငှက်သိုက်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ် ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

(၂၉-၃-၂၀၂၆) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်း ခရိုင်၊ ထန်းတပင်မြို့နယ်၊ ငှက်သိုက်ကျေးရွာအုပ်စု၊ ငှက်သိုက်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း တွင် “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိ ပညာပေးဟောပြောပွဲ” ကျင်းပခဲ့ရာ ထန်းတပင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီး ဌာနမှူးပါ သစ်တောဝန်ထမ်း(၁၀)ဦး၊ ငှက်သိုက်ကျေးရွာမှ အမျိူးသား(၃၃)ဦး၊ အမျိုးသမီး(၂၉)ဦး၊ စုစုပေါင်း အမျိုးသား(၄၃)ဦး၊ အမျိုးသမီး (၂၉)ဦး၊ စုစုပေါင်း(၇၂)ဦးတို့ တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန၊ ထန်းတပင်မြို့နယ်၊ မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်လင်းထွန်းမှ သစ်တောသစ်ပင်များအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ အကြောင်း၊ သစ်တောများကပေးစွမ်းနိုင်သည့် ဂေဟစနစ်ဆိုင်ရာအကျိုးကျေးဇူးများ၊ ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးတွင် သစ်တောများ၏အရေးပါမှု၊ အကျိုးကျေးဇူးများနှင့် မီးခိုးမြူငွေ့ လျော့ချရေးအတွက် Fire Hotspotsများ လျော့နည်းကျဆင်းအောင် ပတ်ဝန်းကျင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် နေမှုများအကြောင်းနှင့် တောမီးရှို့ခြင်း၊ လယ်ယာများမီးရှို့ခြင်းများမပြု လုပ်ရန်၊ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ သစ်တောများထိန်းသိန်းရေးအကြောင်းနှင့် သစ်တောမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်းတို့ကို တက်ရောက်လာကြသည့် ကျေးရွာနေ ပြည်သူများကို အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက် ခဲ့ပါကြောင်း သိရှိရသည်။

date: 
Monday, March 30, 2026 - 10:15