ဧရာဝတီတိုင်းဒေသကြီး၊ ‌ဖျာပုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ "တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ"အခမ်းအနားကျင်းပ

ဖျာပုံမြို့နယ်၊သစ်တောဦးစီးဌာနမှ "တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ"အခမ်းအနားကို ( ၂၉.၃.၂၀၂၆ )ရက်နေ့ ၊နံနက်( ၁၀:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့နယ်၊ ကလပ်ရပ်ကျေးရွာအုပ်စု၊ ကလပ်ရပ်ကျေးရွာ ဓမ္မာရုံတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကလပ်ရပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ဒေသခံပြည်သူ ကျား( ၁၈ )ဦး၊ ကျေးရွာသူ မ( ၂၉ )ဦး နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း( ၃ )ဦး၊ စုစုပေါင်း ( ၅၀)ဦးတို့တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဖျာပုံမြို့နယ်၊သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးဟန်ထွန်းချိုမှ တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အကြောင်းအရာများကို တက်ရောက် လာသူများထံသို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းသစ်တောဦးစီးဌာနအကြောင်းသိကောင်းစရာအချက်အလက်များပါဝင်သည့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း၊သစ်တောဦးစီးဌာနမှထုတ်ဝေသောသစ်တောကြေးမုံဂျာနယ်များဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, March 30, 2026 - 16:00