ဆာဖာရီဥယျာဉ်(နေပြည်တော်)၌ ဘို့တစ်လုံးကုလားအုတ်ကလေးငယ်(အထီး)တစ်ကောင်ပေါက်ပွား
ဆာဖာရီဥယျာဉ်(နေပြည်တော်)ဘို့တစ်လုံးကုလားအုတ်ပြကွက်တွင် မွေးမြူပြသထားရှိသည့် ဘို့တစ်လုံးကုလားအုတ်များအနက် ဘို့တစ်လုံးကုလားအုတ်(အထီး)ဂျက်လီ နှင့် ဘို့တစ်လုံး ကုလားအုတ်(အမ)ချောစုတို့သည် ၂၄-၁-၂၀၂၅ ရက်နေ့တွင် နောက်ဆုံး မိတ်လိုက်အောင်မြင်ခဲ့ပြီး ကိုယ်ဝန်ဆောင်ကာလ (၁၂-၁၃) လခန့်ဖြစ်သည့် ၉-၂-၂၀၂၆ ရက်နေ့၊ (၁၂:၁၅) နာရီ အချိန်တွင် ဘို့တစ်လုံးကုလားအုတ်ငယ်(အထီး)(၁)ကောင် ပေါက်ပွားခဲ့ပါကြောင်း နှင့် မိခင်နှင့် ကလေးမှာ ကျန်းမာလန်းဆန်းလျက်ရှိပြီး Safe Time ကာလ(၃)လ ပြည့်မြောက်သည့် ၉-၅-၂၀၂၆ ရက်နေ့တွင် တိရစ္ဆာန်ကောင်ရေစာရင်းတွင် ရေးသွင်းသွားမည်ဖြစ်ပြီး အများပြည်သူများ ကြည့်ရှုလေ့လာနိုင်ပါကြောင်းသတင်းရရှိသည်။

date:
Thursday, April 2, 2026 - 11:30
