စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောနှင့် ဇီဝမျိုးစုံမျိးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအားကျင်းပ

၂.၅.၂၀၂၄ရက်နေ့၊ နံနက် ၀၉:၀၀ နာရီ အချိန်အလုံမြို့ အထက.၂ ခန်းမ (နမခ)တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောနှင့် ဇီဝမျိုးစုံမျိးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး၊သစ်တောဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှုး ဦးအောင်ကိုမင်း၊ မုံရွာမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်ထွန်း(၂)ပါ သစ်တောဝန်ထမ်း (၁၁)ဦး၊ မုံရွာခရိုင် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးခင်မောင်စိုး၊ အထက၂ (နမခ)မှ ကျောင်းတာဝန်ခံအထက်တန်းပြဆရာမဒေါ်အေးအေအးသန့် ပါဆရာမ(၇)ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၀၀) ဦး စုစုပေါင်းအင်အား (၁၂၀)ဦးတက်ရောက်ခဲ့ပါကြောင်း၊ အခမ်းအနား တွင် စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးအောင်ကိုမင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ သစ်တောများနှင့်ရေဝေရေလဲဒေသ များ ထိန်းသိမ်းရေးနှင့်ပတ်သက်၍လည်းကောင်း၊ မုံရွာမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်ထွန်း(၂)က သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ အသိပညာ ပေးခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ မုံရွာခရိုင်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးခင်မောင်စိုးက သစ်တောနှင့်ရာသီဥတုပြောင်းလဲမှုလျော့ချရေးနှင့် ပတ်သက်၍လည်း ကောင်း၊ မုံရွာမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးအောင်နေလင်းက သစ်တော များမှပေးစွမ်းနိုင်သော အကျိုးကျေးဇူးများနှင့်ပတ်သက်၍လည်းကောင်းအသီးသီး ဟော ပြောခဲ့ကြပါသည်။ ၎င်းနောက်ကျောင်းအတွက် သစ်တောကြေးမုံ စာအုပ်(၅၀)အား ဦးစီးအရာရှိ ဦးကျော်ဇင်ထွန်း(၂) ကပေးအပ်ခဲ့ရာ အထက.၂ ကျောင်းတာဝန်ခံ ဆရာမ ဒေါ်အေးအေးသန့်မှ လက်ခံရယူခဲ့ပြီး၊ ကျောင်းသား/ ကျောင်းသူများအား သစ်ပင်စိုက်ပျိုး နည်းစနစ် လက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း၊ ဆရာမများ၊ကျောင်းသား/ ကျောင်းသူ များ အနေဖြင့် သစ်ပင်စိုက်ပျိုးနည်းစနစ်သိရှိစေရန်အတွက် တပေဘူတ နှစ်ပင်အား ကျောင်းဝန်းအတွင်း အမှတ်တရစိုက်ပျိုးပေးခဲ့ပါကြောင်းသိရှိရသည်။

date: 
Thursday, May 2, 2024 - 15:45