တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ သစ်တောဦးစီးဌာနအနေဖြင့် မြိတ်မြို့တွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်း ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊သစ်တောဦးစီးဌာန၊ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲအားကျင်းပဆောင်ရွက်ပါသည်။ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ သစ်တောဦးစီးဌာနအနေဖြင့် မြိတ်မြို့တွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်း ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ၃.၅.၂၀၂၄ ရက်နေ့ (သောကြာနေ့)၊ နံနက် (၀၈:၀၀) နာရီ မှ (၀၉:၀၀) နာရီအထိ၊ အ.ထ.က(ခွဲ) အ.လ.က(၁၀) မြိတ်မြို့၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အသိပညာပေးခြင်း၊ သစ်တောများနှင့် ရာသီ ဥတုပြောင်းလဲမှု လျော့ချရေး၊ သစ်တောများနှင့် ရေဝေရေလဲဒေသ များ ထိန်းသိမ်းရေး၊ သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ ခေါင်းစဉ်ဖြင့် ဟောပြောပို့ချခဲ့ ပါသည်။ ဦးဝေယံမြင့်ချို ၊ ဦးစီးအရာရှိ၊ သစ်တောဦးစီးဌာန၊ မြိတ်မြို့နယ်မှ ဟောပြောပို့ချ ခဲ့ပါသည်။ ဟောပြောပွဲသို့အ.ထ.က(ခွဲ) အ.လ.က(၁၀)မြိတ်မြို့မှ ဆရာ/ ဆရာမနှင့် ကျောင်းသူ/ ကျောင်းသား စုစုပေါင်း (၅၃) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲ တွင်ကျောင်းသူ/သား(၂)ဦးမှ "ဒီရေတောသစ်ပင်အမျိုးအစားများနှင့် ပတ်သက်၍ မေးမြန်း လာမှုအပေါ် "ဦးစီးအရာရှိ ဦးဝေယံမြင့်ချို မှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
နံနက်(၀၉:၁၀)နာရီမှ(၁၀:၃၀)နာရီအထိ ရှမ်းချောင်းသစ်တောပျိုးဥယျာဉ်သို့ ဆရာ/ဆရာမ များ နှင့် ကျောင်းသားကျောင်းသူများ ခေါ်ဆောင်၍ ပျိုးဥယျာဉ်အတွင်း မိုးရာသီ သစ်ပင်များ စနစ်တကျ အဆင့်ဆင့် ပျိုးထောင်ထားရှိမှုနှင့် ၂၀၂၄ ခုနှစ် မိုးရာသီတွင် သစ်တောသစ်ပင်များ စိုက်ပျိုးဆောင်ရွက်မည့်အကြောင်းအား ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုမှ ရှင်းလင်းပြောကြားခဲ့ ကြောင်းသိရှိရပါသည်။