ပုပ္ပါးတောင် အမျိုးသားဘူမိဥယျာဥ်၏ ဆိုင်းဘုတ်များပြုလုပ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ပုပ္ပါးတောင် အမျိုးသားဘူမိဥယျာဥ်၏ ဆိုင်းဘုတ်များပြုလုပ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို (၃.၅.၂၀၂၄) ရက်နေ့၊ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦး တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘူမိဗေဒနှင့်ဓါတ်သတ္တုရှာဖွေရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ပုပ္ပါးတောင် အမျိုးသား ဘူမိဥယျာဥ်၏ ဆိုင်းဘုတ်များပြုလုပ်ခြင်းနှင့်ပတ်သက်၍ ဖိတ်ခေါ်ဆွေးနွေးခြင်း များဆောင် ရွက်ခဲ့ပါသည်။ ဆက်လက်၍ ဘူမိဗေဒနှင့်ဓါတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ ဘူမိဗေဒအရာရှိမှ ဆိုင်းဘုတ်များ၏ ဒီဇိုင်း၊ တည်နေရာရွေးချယ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက ဆိုင်းဘုတ်များအတွက် ရန်ပုံငွေအချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းများဆောင်ရွက်ခဲ့ပြီး တင်ပြမှုများအပေါ် တာဝန် ရှိသူများမှ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရှိရသည်။

date: 
Friday, May 3, 2024 - 16:00