မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ Fire Hotspot ဖြစ်ပွားမှု လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

၃၁-၃-၂၀၂၆ ရက်နေ့၊ နံနက်၁၀:၀၀ အချိန်တွင်မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ Fire Hotspot ဖြစ်ပွားမှု လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပခဲ့ရာတွင် မွန်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါ်မိုးမြင့်မြင့်ရှိန်မှ"မီးခိုးမြူငွေ့နှင့် Fire Hotspot ဖြစ်ပေါ်မှု လျှော့ချနိုင်ရေးနည်းလမ်းများ" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မော်လမြိုင်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦီးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦီးမင်းနိုင်ဦးမှ "မွန်ပြည်နယ်အတွင်း Fire Hotspot ဖြစ်ပွားမှုလျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးအသိပညာပေးဆွေးနွေးချက်များ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊
မော်လမြိုင်ခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ထူးမှ "တောမီးလောင်ကျွမ်းမှု မဖြစ်ပေါ်စေရေးတားဆီးကာကွယ်ခြင်းဆိုင်ရာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊သံဖြူဇရပ်မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ "မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် Fire Hotspot လျှော့ချရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သံဖြူဇရပ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ "ရိုးပြတ်မီးရှို့ခြင်းမှကာကွယ်ရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဆွေးနွေးပွဲကျင်းပခဲ့ကြပြီး ဆွေးနွေးပွဲသို့ သံဖြူဇရပ်မြို့နယ်ရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူ(၄၀)ဦးနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး(၇၅)ဦီး စုစုပေါင်း (၁၁၅)ဦးတက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Monday, April 6, 2026 - 11:30