သင်္ဃန်းကျွန်းမြို့နယ် သစ်တောဦးစီးဌာနသည် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊စုဝေးခန်းမတွင် သစ်တော နှင့်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ရှည်ကာလအတွင်းကျောင်းသား/သူလူငယ်များ မိမိတို့ဝန်းကျင်ရှိ သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲများကို ချစ်မြတ်နိုး တတ်စေရန် နှင့် လက်ရှိ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၏ အခြေခံအကြောင်းအရင်းများကို သိရှိနားလည်တန်ဖိုး ထားတတ်စေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ သင်္ဃန်းကျွန်းမြို့နယ် သစ်တောဦးစီးဌာနသည် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို(၃.၅.၂၀၂၄)ရက်နေ့ နံနက်ပိုင်း၌ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း၊ စုဝေးခန်းမတွင် ဟောပြော ဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ ကျောင်းသားကျောင်းသူအင်အား (၈၀)ဦးတက်ရောက်ခဲ့ကြပါသည်။ ထို့နောက် သင်္ဃန်းကျွန်း မြို့နယ် ရွာသာကြီးအမြဲတမ်းပျိုးဥယျာဉ်အတွင်း ပျိုးထောင်ထားရှိသော ပျိုးပင်များ စံနစ်တကျ ပြုစုပျိုးထောင် ခြင်းနှင့်နည်းလမ်း တကျသစ်ပင် စိုက်ပျိုးခြင်း အခြေခံနည်းစနစ်တို့ကို သရုပ်ပြ ရှင်းလင်းပြသခြင်းများ ဆောင်ရွက်ခဲ့ရာ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခြင်း နှင့် သစ်တောဝန်ထမ်းများက ပြန်လည် ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ ပါကြောင်း သိရှိရပါသည်။

date: 
Saturday, May 4, 2024 - 16:15