ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ရေကြည်မြို့နယ်၊ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး နှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

(၄.၄.၂၀၂၆)ရက်နေ့၊နံနက်(၀၉:ဝ၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ဒေါင့်ကြီးဘက်ကျေးရွာ၊ရွှေဘုံသာဓမ္မာရုံတွင် ရေကြည်မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်မင်းသိန်းမှ*သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ* ကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။အသိပညာပေးဟောပြောပွဲတွင်သစ်တောဝန်ထမ်း(၃)ဦး၊ ဒေါင့်ကြီးဘက်ကျေးရွာသား(၃၄)ဦး၊ကျေးရွာသူ(၂၁)ဦး၊စုစုပေါင်း (၅၈)ဦးတက်ရောက်ခဲ့ပါသည်။(ကျား - ၃၇ဦး၊ မ - ၂၁ဦး) အဆိုပါ အခမ်းအနားတွင် တောအုပ်ကြီး ဦးဇော်မင်းသိန်းမှ မီးခိုးမြူငွေ့ အန္တရာယ်နှင့်မီးခိုးမြူငွေ့လျှော့ချရေးလုပ်ငန်းများ၊ တောမီးထိန်းသိမ်းကာကွယ် ရေး နှင့် Fire Hotsopt ဖြစ်ပေါ်မှု အခြေအနေများ၊ရေကြည်မြို့နယ်မှ ဆောင်ရွက် လျှက်ရှိသည့် သစ်တောလုပ်ငန်းများကို အသိပညာပေး ဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, April 6, 2026 - 11:30