ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှ "တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ"ကျင်းပခြင်း

ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင် ၊ ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနမှ "တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ"အခမ်းအနားကို ( ၄.၄.၂၀၂၆ )ရက်နေ့ ၊နံနက်( ၁၀:၀၀)နာရီအချိန်တွင် ရေတာရှည်မြို့နယ်၊ သာဂရမြို့ ၊ စျေးတန်းပိုင်းရပ် ဆွမ်းလောင်းဓမ္မာရုံတွင်ကျင်းပဆောင်ရွက်ခဲ့ရာ ငါးခုံးချောင်းရပ် ရာအိမ်မှူး ၊ စျေးတန်းပိုင်းရပ် ရပ်မိရပ်ဖ နှင့် ဒေသခံပြည်သူ ကျား( ၂၂ )ဦး၊ ကျေးရွာသူ မ( ၁၈ )ဦး နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း( ၅ )ဦး၊ စုစုပေါင်း ( ၄၇ )ဦးတို့တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဦးစီးအရာရှိ ဦးသူရအောင် မှ တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကို တက်ရောက်လာသူများထံသို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်း နှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, April 6, 2026 - 11:45