ဆီဆိုင်မြို့နယ်၊တဘက်ကျေးရွာအုပ်စု၊ပန်ကန်းကျေးရွာခန်းမတွင်ဆီဆိုင်မြို့နယ်၊ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခို/မြူငွေ့လျှော့ချရေးဟောပြောပွဲကျင်းပ
(၄-၄-၂၀၂၆ )ရက်နေ့၊(၁၁:၀၀)နာရီအချိန်တွင် ဆီဆိုင်မြို့နယ်၊ တဘက်ကျေးရွာအုပ်စု၊ ပန်ကန်းကျေးရွာခန်းမတွင်ဆီဆိုင်မြို့နယ်၊ သစ်တောဦးစီးဌာနမှတောအုပ်ကြီး-ဦးတင့်ဇော်လွင်က သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခို/မြူငွေ့လျှော့ချရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ တောအုပ်-ဦးတင်မောင်ဌေးမှ ရေထွက်တောများထိန်းသိမ်းရေးခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ပါကြောင်းတင်ပြအပ်ပါသည်။ဟောပြောပွဲသို့တဘက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ရပ်/ကျေးစာရေး၊မြေတိုင်းစာရေးနှင့်သစ်တောဝန်ထမ်း-ကျား(၅)ဦး ဒေသခံပြည်သူ-ကျား(၆၁)ဦး၊မ(၇)ဦး၊ စုစုပေါင်း(၇၃)ဦး တက်ရောက်ပါကြောင်း သတင်းရရှိသည်။


date:
Monday, April 6, 2026 - 11:45
