၃၀-၃-၂၀၂၆ ရက်နေ့မှ ၅-၄-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၅.၄၆၂၆)တန်၊ သစ်မာ (၁၈.၅၇၄၆)တန်၊ အခြား (၁၅.၄၂၂၈)တန်၊ စုစုပေါင်း (၄၉.၄၆၀၀)တန်၊ ယာဉ်/ယန္တရား (၃)စီး၊ တရားခံ (၄)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၃-၄-၂၀၂၆ ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ နမ့်တိန်းကျေးရွာရှိ ခြံဝင်းတစ်ခု အတွင်းမှ တရားမဝင် ကျွန်းသစ်လုံး (၅၁)လုံး (၁၃.၁၈၂၀)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

date: 
Tuesday, April 7, 2026 - 15:30